အာနန်ကော်မရှင် ရဲ့ အပြီးသတ်အစီရင်ခံစာ သြဂုတ်လမှာ အစိုးရကို တင်ပြမယ်

7Day TV 2017-10-07

Views 0

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို လာမယ့် သြဂုတ်လလယ်ပိုင်း နောက်ဆုံးထားပြီး အစိုးရထံ တင်ပြသွားမယ်လို့ သိရပါတယ်။ မနေ့က ရန်ကုန်မြို့မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ သီးခြားတွေ့ဆုံမှုပြီးတဲ့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြက မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ အတွက် လူမှုဖူလုံရေး ပိုကောင်းလာဖို့ အကြံပြုချက်တွေကို ကြားနေအဖွဲ့အစည်း အနေနဲ့ တင်ပြပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်

Share This Video


Download

  
Report form
RELATED VIDEOS