ခြောက်ကြိမ်မြောက် မယ်စကြဝဠာ(မြန်မာ) ပြိုင်ပွဲ စက်တင်ဘာလထဲကျင်းပမယ်

7Day TV 2017-10-07

Views 10

မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေထဲကနေ နိုင်ငံဂုဏ်ဆောင်အလှမယ်တွေ ပေါ်ထွက်လာဖို့အတွက် ခြောက်ကြိမ်မြောက် မယ်စကြဝဠာ( မြန်မာ) ပြိုင်ပွဲကို ရန်ကုန်မြို့မှာကျင်းပတော့မှာဖြစ်ပါတယ်။ အဲဒီပွဲကိုတော့ နိုင်ငံတကာ မယ်စကြဝဠာပြိုင်ပွဲတွေမှာ နိုင်ငံဂုဏ်ဆောင်ဆုတွေကို ရခဲ့တဲ့ မယ်စကြဝဠာ(မြန်မာ) အဖွဲ့အစည်းကနေ ဦးဆောင်ကျင်းပမှာဖြစ်ပြီး ဒီနှစ် မယ်စကြဝဠာပြိုင်ပွဲမှာတော့ စကာတင် အလှမယ်အယောက်သုံးဆယ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

စကာတင်အလှမယ်တွေကိုတော့ မြန်မာတစ်ဝှမ်းလုံးမှာရှိတဲ့ မြို့နယ်တစ်ခုချင်းစီကနေ အကြို ပြိုင်ပွဲလုပ်ကာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားချက်တစ်ခုအနေနဲ့ ပြိုင်ပွဲဝင်အလှမယ်တွေဟာ ကရင်ပြည်နယ်ကို သွားရောက်ပြီး လူမှုရေးလုပ်ငန်းတွေဆောင်ရွက်တဲ့ ခရီးစဉ်အတွင်းမှာပဲ မိမိတို့ရဲ့ Talent Show အစီအစဉ်ကို ကရင်ပြည်နယ်မှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Talent Showပွဲက ရရှိတဲ့ အလှူငွေနဲ့ လက်မှတ်ရောင်းချငွေကိုတော့ဒေသဖွံဖြိုးရေး အစီအစဉ်တွေ အတွက် ပြန်လည် လှူဒါန်းသွားမှာဖြစ်ပါတယ်။ စကာတင်အလှမယ်တွေ အနေနဲ့ အခုအချိန်ကစပြီး စခန်းသွင်းလေ့ကျင်မှုတွေကို စတင်ပြုလုပ်နေပြီဖြစ်ကာ နောက်ဆုံးပြိုင်ပွဲကြီးကိုတော့ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့၊ Gandamar Wholesale မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Share This Video


Download

  
Report form
RELATED VIDEOS