အရက်ချက်စက်ရုံတွေရဲ့စွန့်ပစ်ရေဆိုးတွေကို ဥပဒေနဲ့အညီ စွန်ပစ်ပေးဖို့ ဆန္ဒထုတ်ဖော်

7Day TV 2017-10-07

Views 4

ရွှေပြည်သာစက်မှုဇုန်ထဲကအရက်ချက်စက်ရုံတွေအနေနဲ့စွန့်ပစ်ရေဆိုးတွေကိုဥပဒေနဲ့အညီစွန့်ပစ်ပေးဖို့နဲ့ ရေဆိုးသန့်စင်စက်ရုံတည်ဆောက်မှု အလျင်အမြန် ပြီးစီးအောင် အကောင်အထည်ဖော်ပေးဖို့ အတွက် ၊မြို့ခံ လူတချို့ ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်မှာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အရက်ချက်စက်ရုံတွေက စွန့်ပစ်ရေဆိုးတွေကြောင့် ရပ်ကွက်ထဲမှာ အနံ့ အသက်မကောင်းတာ၊ မီးခိုးခေါင်းတိုင်က ထုတ်လွှင့်တဲ့ ပြာတွေကြောင့် လေထု ညစ်ညမ်းမှု ဖြစ်ရတယ်ဆိုပြီး ဆန္ဒပြရတာလို့ သိရပါတယ်။ဒီကနေ့ ဆန္ဒဖော်ထုတ်ရာမှာတော့ အရက်ချက်စက်ရုံတွေရှိတဲ့ စက်မှုဇုန်နဲ့ ကပ်လျှက်ရှိနေတဲ့ ရပ် ကွက်နေ ပြည်သူအချို့ပါဝင်ခဲ့တာပါ။

ဒါပေမယ့် ရေဆိုးနဲ့ ပြာတွေကတော့ ထွက်နေဆဲဆို ပြီး ရပ်ကွက်အတွင်းနေထိုင်သူတွေက ဆန္ဒပြရတာ လို့ ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းအရင်းကို ပြောပါတယ်။ရွှေပြည်သာ စက်မှုဇုန် ( ၁ ) ထဲမှာ အရက်ချက်စက်ရုံ ခြောက် ရုံရှိပြီး ၊ တစ် ရုံကတော့ ပိတ်ထားတာ တစ် နှစ်ကျော်လောက်ရှိပါပြီ။ ကျန်ရှိနေတဲ့ စက်ရုံ ငါး ရုံမှာ လေး ရုံက ပိတ်ပြီး တစ်ရုံကတော့ ဆက်လက် လည်ပတ်နေဆဲပါ။

ရွှေပြည်သာစက်မှုဇုန်ထဲ အရက်ချက်စက်ရုံတွေရဲ့ စွန့်ပစ်ရေဆိုးတွေကို အရင်က အင်းစိန်နဲ့ရွှေပြည်သာကြားက ဒကူခြံ ချောင်းထဲကို စွန့်ပစ်တာဖြစ်ပါတယ်။အခု စက်မှုဇုန်အတွင်းမှာ အရက်ချက်စက်ရုံတွေစုပြီး ဂါလံ သိန်း၂၀ ဆံ့ ရေဆိုးသန့်စင် စက်ရုံကို မြေ ငါး ဧက ပေါ်မှာ ကျပ်သိန်းပေါင်း သုံးသောင်းကျော် အသုံးပြုပြီး တည်ဆောက်လျှက်ရှိပါတယ်။

အရက်ချက်ရုံက ရေဆိုးတွေအပြင် အခြားက လာရောက်သန့်စင်ချင်ရင်လည်း အခကြေးငွေ ယူပြီးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။လုပ်ငန်းပြီးစီးဆောင်ရွက်မှုက ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ၊ လာမယ့် ဒီဇင်ဘာမှာ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရေဆိုးသန့်စင်စက် လည်ပတ်နိုင်ပါက လျှပ်စစ် နှစ် ကီလိုဝပ် ထွက်ရှိမယ့်အပြင်၊ ဘေးထွက်ပစ္စည်းတွေကလည်း သဘာဝ မြေသြဇာ အဖြစ်စွန့်ထုတ်သွားမှာလို့ သိရပါတယ်။

ရုပ်သံသတင်းထောက် -ခင်ဝိုင်းဖြူဖြူ

Share This Video


Download

  
Report form
RELATED VIDEOS