ရန်ကုန်မှာ ကားပါကင်တွေ လုပ်တော့မယ်လို့ မြို့တော်ဝန်ပြောလိုက်ပြီ

7Day TV 2017-10-07

Views 10

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း မြို့တွင်းခြောက် မြို့နယ်နဲ့လူနေထူထပ်တဲ့မြို့နယ်တွေမှာ ကားပါကင်တွေ ထားပြီး ကားရပ်နားခွင့်အ တွက် ဝန်ဆောင်ခကောက်ခံသွားမယ်လို့မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

မနေ့က စက်တင်ဘာ၂၀မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ တာပါ။ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးရဲ့ မြို့တွင်းခြောက်မြို့ နယ်ရှိ မော်တော်ယာဉ်တွေ စနစ်တကျရပ်နားနိုင်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး မျဉ်းဝါတားကားပါကင်တွေ ဆောင်ရွက်ပေးဖို့ မေးခွန်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဆောင်ရွက်မှာက ဘယ်အချိန်မှာစတင်မယ်ဆိုတာကိုတော့ မြို့တော်ဝန်ကပြောကြားသွားခြင်းမရှိဘဲ လိုအပ်သလို ဆောင်ရွက်သွားမယ်လို့သာ ပြောကြားခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း မြို့နယ်တွေနဲ့ လူနေထူထပ်တဲ့မြို့နယ်တွေမှာ ကားအစီးရေ တဖြည်းဖြည်း များလာပြီး ကားပါကင်ရှားပါးလာတဲ့ ပြသနာကိုလည်း ပူးပေါင်းအဖြေရှာဖို့လိုတယ်လို့လည်း မြို့တော်ဝန်ကပြော ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Share This Video


Download

  
Report form
RELATED VIDEOS