7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

7Day TV 2017-10-07

Views 3

၁။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကိစ္စသေချာမသိရသေး

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ကို ကျန်းမာရေးကိစ္စနဲ့ ရောက် ရှိနေတာနှစ်ရက်ရှိပြီဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ရက် မနေ့ကတည်းက ရန်ကုန်ကို ရောက်ရှိနေတာဖြစ်ပြီး ဂရန်းဟံသာ နိုင်ငံတ ကာဆေးရုံကို နှစ်ရက်ဆက်တိုက်သွားခဲ့တာပါ။

စက်တင်ဘာ ၂၉ရက် နဲ့ ဒီကနေ့ ၃၀ရက်တို့မှာ ဆေးရုံကို သွားရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းလာရောက်တဲ့အခါမှာတော့ ဆေးရုံမှာ ငါးနာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့တော့ သေချာမသိရသေးပါဘူး။

ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်လေ့ရှိပြီး လိုအပ်ပါက ခြောက်လ တစ်ကြိမ် စစ်ဆေးလေ့ရှိတယ်လို့ မိသားစုဆရာဝန်ဒေါက်တာ တင်မျိုးဝင်းက အရင်က ပြောဆိုထား တာရှိပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ၂၀၁၆ ဧပြီက မျက်စိခွဲစိတ်မှုကုသခံခဲ့ပြီး အဲဒီနှစ် အောက်တိုဘာမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ပါတယ်။

၂။ ရှမ်းပြည်နယ် မူးယစ်စစ်ဆင်ရေး တစ်လအတွင်းဖမ်းမိတဲ့ပမာဏကို မကြာမီထုတ်ပြန်မယ်

ရွှေတြိဂံဒေသအပါအဝင် ရှမ်းပြည်နယ်တစ်ခုလုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရှမ်းရိုးမစစ်ဆင်ရေး ကို ဒီကနေ့ အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သြဂုတ်လဆန်းကနေ စက်တင်ဘာလကုန်အထိ စစ်ဆင်ရေး တစ်လကြာ လုပ်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့နာမည်ကြီး ရွှေတြိဂံဒေသမှာပါဝင်တဲ့ ရှမ်းပြည် နယ်အရှေ့ပိုင်းအပြင်၊ ရှမ်းပြည် နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေပါ စစ်ဆင်ရေးဆောင်ရွက်ခဲ့တာပါ။ ဒီစစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိထားတာတွေကို နိုင်ငံပိုင်သတင်းစာတွေကနေ ဒီရက်ပိုင်းမှာကြေညာမယ်လို့သိရပါ တယ်။

၂၀၁၇ ခုနှစ်အတွင်း ပမာဏအများဆုံး ဖမ်းမိတဲ့ မူးယစ် ဆေးဝါးမှုဖြစ်တဲ့ တာချီလိတ်မြို့နယ်မှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားသန်း ၂၀ ကလည်း ရှမ်းရိုးမစစ်ဆင်ရေးကာလအတွင်းမှာ ဖြစ်ပါတယ်။

၃။ ရည်းစားဟောင်းကဓားနဲ့ထိုးလိုက်တဲ့ အမျိုးသမီးအခြေအနေ စိုးရိမ်ရ

အမျိုးသမီးငယ်တစ်ဦးကို ရည်းစားဟောင်းက ရုံးအသွားလမ်းမှာ ဓားနဲ့ထိုးလို့ လည်ပင်းမှာ ဓား ဒဏ် ရာရသွားတယ်လို့ သတင်းရရှိပါတယ်။

တောင်ဥက္ကလာပမြို့နယ် ကုန်းဘောင်လမ်းနဲ့ အင်းဝလမ်းထိပ်မှာ ဖြစ်ပွားခဲ့တာပါ။

အဆိုပါအမျိုးသမီးငယ်က ဒီနေ့ စက်တင်ဘာ ၃၀ ရက် မနက် ၈ နာရီလောက်က ရုံးသွားဖို့ လမ်း ထိပ်ကိုထွက်လာတာဖြစ်ပြီး လမ်းထိပ်မှာ လက်ရှိရည်ငံနေတဲ့ အမျိုးသားက ကားနဲလာကြိုနေတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ အရင်ရည်းစားဟောင်းကလည်း လမ်းထိပ်မှာ စက်ဘီးနဲ့ စောင့်နေပြီး ကောင်မလေး ကားပေါ်တက်ကာနီးမှာ ထိုးလိုက်တာဖြစ်တယ်လို့ တောင်ဥက္ကလာပရဲစခန်းမှ တာဝန် ကျရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အမျိုးသမီးကိုဓားနဲ့ထိုးသူကို ကားပေါ်မှာစောင့်နေတဲ့အမျိုးသားက လုံးထွေးဖမ်းဆီးခဲ့လို့ ရင်အုံနဲ့ လက်တွေမှာ ဓားဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဓားနဲ့ထိုးတဲ့အမျိုးသားကို ပတ်ဝန်းကျင်က လူတွေကဝိုင်းထားပြီး ရဲလက်အပ်လိုက်တယ်လို့ သိရပါ တယ်။ သက်ဆိုင်ရာမြို့နယ်ရဲစခန်းကလည်း သူ့ကို ရာဇသက်ကြီး ပုဒ်မ-၃၂၆ အပြင်းအထန် နာကျင်စေမှုနဲ့ အမှုဖွင့်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

၎။ မက္ကဆီကို နယ်စပ်မှာ ကာရံမယ့် တံတိုင်းအတွက် နမူနာပုံစံတွေ အမေရိကန်မှာ စတင်တည်ဆောက်

မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် ကာကွယ်ထားရှိမယ့် တံတိုင်း နမူနာတွေ အမေရိကန်နိုင်ငံမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

ဆန်ဒီယေဂိုမှာ တည်ဆောက်နေတဲ့ နမူနာ ရှစ်မျိုးဟာ ဒီဇိုင်းအရရော၊ ပါဝင်ဖွဲ့စည်းတဲ့ ပစ္စည်းတွေ အရပါ သိသိသာသာ ခြားနားမှုတွေ ရှိနေပါတယ်။ စာရင်းပေးသွင်းထားတဲ့ ကုမ္ပဏီတွေက အရှည်ပေ ၃၀ နဲ့ အမြင့် ပေ ၃၀ ရှိတဲ့ တံတိုင်းပုံစံတွေကို တစ်လအတွင်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တံတိုင်းနမူနာ တစ်ခုကို ဒေါ်လာ လေးသိန်းနဲ့ ငါးသိန်းကြားလောက် ကျသင့်မယ်လို့လည်း သိရပါတယ်။

ကုမ္ပဏီ လေးခုရဲ့ ဒီဇိုင်းနမူနာ ရှစ်ခုထဲကမှ အပြီးသတ် တစ်မျိုးကို နောက်ဆုံးတည်ဆောက်မှုအတွက် ရွေးချယ်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်စဉ် ကတည်းက သူသာ သမ္မတ ဖြစ်လာင် တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေကို တားဆီးဖို့ မက္ကဆီကိုနဲ့ နယ်နိမိတ်တလျှောက် တံတိုင်းကာသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စီမံကိန်းနဲ့ ပတ်သက်ပြီး အတိုက်အခံပြု ဝေဖန်မှုတွေလည်း ပြင်းပြင်းထန်ထန် ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS