ARSA ကို နှစ်နိုင်ငံလုံးရဲ့ ဘုံရန်သူလို့ ခံယူကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော

7Day TV 2017-10-07

Views 1

အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ARSAကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံး ရဲ့ ဘုံရန်သူအဖြစ် ခံယူတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ အကြမ်းဖက်မှုတွေ အပေါ် လုံးဝလက်မခံတဲ့ မူဝါဒ ကျင့်သုံးနေကြောင်း ပြောကြားခဲ့တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ ၃ ရက်ကြာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့နဲ့ ပြန်လည်ပို့ဆောင်ဖို့ ကိစ္စတွေ ဆောင်ရွက်ဖို့ မြန်မာအနေနဲ့ အသင့်ရှိနေပြီး နှစ်နိုင်ငံကြား ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။

၁၉၉၂ ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်များအတိုင်း ၁၉၉၂ကနေ ၂၀၀၅ ခုနှစ်အထိ လူဦးရေ ၂သိန်း၃သောင်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာဘက်ကို ပြန်ပို့ခဲ့ပြီးဖြစ်သလို ကွဲကွာနေတဲ့ မိသားစု တွေနဲ့ ကျန်နေတဲ့ မိသားစုဝင်တွေကို ပြန်ပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အသိအမှတ်ပြုတဲ့ တရားဝင်စာရွက်စာတမ်းများ တင်ပြဖို့ လိုကြောင်း ပြောခဲ့ပါတယ်။

ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်ထဲရေးဝန်ကြီးကို မြန်မာကိုလာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်ခံခဲ့တယ်လို့လည်း သိရပါတယ်။

ရုပ်သံသတင်းထောက်-မြတ်သီဟမောင်

Share This Video


Download

  
Report form
RELATED VIDEOS