ဒီချုပ်လူငယ်ညီလာခံအတွက် အမျိုးသမီးလုပ်ငန်းအဖွဲ့တွေ ဆက်ဖွဲ့မယ်

7Day TV 2017-10-07

Views 2

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအတွက် လူငယ်လုပ်ငန်းအဖွဲ့တွေ ဖွဲ့ပြီးတာနဲ့ အမျိုးသမီးလုပ်ငန်း အဖွဲ့တွေ ဆက်ဖွဲ့ဖို့ ဆုံးဖြတ်ထားတယ်လို့ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်နာယက ဦးအောင်စိုးက ပြောပါတယ်။

လက်ရှိမှာ လူငယ်ညီလာခံကျင်းပနိုင်ဖို့ အတွက် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ကျင်းပရေးကော်မရှင်တွေ ဖွဲ့စည်းပြီးပြီဖြစ်ပြီး ဒီအတွက် လုပ်ငန်းတာဝန်ပေးအပ်ပွဲကို အောက်တိုဘာ ၃ရက်နေ့က မင်းဓမ္မလမ်းက MCCမှာ လုပ်ခဲ့ပါတယ်။

အမျိုးသမီးလုပ်ငန်းအဖွဲ့တွေ အနေနဲ့လဲ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ကြောင်း ဦးအောင်စိုးက ပြောပါတယ်။ ၂၀၁၄ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ်လူငယ်ညီလာခံကို ကျင်းပခဲ့တာဖြစ်ပြီး လူငယ်ပါတီဝင်တစ်သိန်းကျော် စုဆောင်းနိုင်ခဲ့ပါတယ်။

ရုပ်သံသတင်းထောက်-မြတ်သီဟမောင်

Share This Video


Download

  
Report form
RELATED VIDEOS