ဘုရင့်နောင်ရှိ ဈေးဆိုင် ၈ ခန်းကို အစိုးရအိမ်ဥပစာနှင်ထုတ်ခြင်းဥပဒေဖြင့် ရှင်းလင်း
*********************
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အမှတ်(၁၅) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးနှင့် အုတ်ကျင်းဘူတာရုံ လမ်းထောင့်ရှိ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ (ရန်ကုန်) ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးဝန်းတွင် ဖွင့်လှစ်ထား သည့် ဈေးဆိုင်ခန်း ၈ ခန်းကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေဖြင့် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ရှင်းလင်းခဲ့သည်။
ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲ(ရန်ကုန်)၊ ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေးဝင်းဌာနပိုင် မြေနေရာပေါ်တွင် ငှားရမ်းသက်တမ်းပြည့်ပြီး ဖယ်ရှားပေးခြင်းမရှိသည့်ဆိုင်ခန်းများတွင် နေထိုင်သူများအား ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စ၍ အပြီးအပိုင်ဖယ်ရှားပေးရန် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။ အဆိုပါနေရာတွင် Sunchang Global Pte Ltd. နှင့် အကျိုးတူလုပ်ငန်းဆောင်ရွက်ရန်သတ်မှတ်ထားသည့် နေရာလည်း ဖြစ်သည်။
ရိုက်ကူး-သူရ
တည်းဖြတ်-စိုးသူအောင်