၂၀၂၀ အိုလံပစ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ သက်ထားသူဇာ

Mizzima TV 2018-12-17

Views 12

၂၀၂၀ အိုလံပစ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ သက်ထားသူဇာ
******************************************

မြန်မာ့ကြက်တောင်လက်ရွေးစင် ဖြစ်တဲ့ သက်ထားသူဇာကို Omni Channel Digital Commerce Platform Company ဖြစ်သည့် Get ၏ Brand Ambassador ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၇ နေ့က ရန်ကုန်မြို့Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။

လက်ရွေးစင် မသက်ထားသူဇာဟာ အီဂျစ်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ 2018 BWF International Series ကြက်တောင်အားကစားပြိုင်ပွဲ မှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရွှေတံဆိပ်ဆုရ ကြက်တောင်အားကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမအနေနဲ့ လာမယ့် ၂၀၁၀ အိုလံပစ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

Get ဆိုတာကတော့ အသေးစားစွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ချင်သူတွေအတွက် Digital Store ဆိုင်တစ်ခုကို ချက်ချင်းစတင်နိုင်မယ့် Platform တစ်ခုဖြစ်ပြီးတော့ ဖုန်းငွေဖြည့်ကဒ်၊ အဝေးပြေးကားလက်မှတ်၊ လေယာဉ်လက်မှတ်ကနေ ဟိုတယ်ဘိုကင်၊ တိုးခရီးစဉ်တွေ ၊ Online Game Wallets တွေ ၊ ရှိုးပွဲ လက်မှတ်တွေနဲ့ နှင့်အခြား On-Demand Products တွေကို ရောင်းချနိုင်တဲ့ Platform တစ်ခုပဲ ဖြစ်ပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဖူးအိအိနွယ်

Share This Video


Download

  
Report form
RELATED VIDEOS