မြန်မာ့ဟင်းခတ်အမွှေးအကြိုင်ဈေးကွက် ဖွံ့ဖြိုးရေးအတွက် UKAid မှ ဒေါ်လာ(၃.၁)သန်း ရင်းနှီး

Mizzima TV 2019-01-24

Views 3

မြန်မာ့ဟင်းခတ်အမွှေးအကြိုင်ဈေးကွက် ဖွံ့ဖြိုးရေးအတွက် UKAid မှ ဒေါ်လာ(၃.၁)သန်း ရင်းနှီးမြှုပ်နှံ
================================

မြန်မာ့ဟင်းခတ်အမွှေးအကြိုင်ဈေးကွက် ဖွံ့ဖြိုးရေးအတွက် UKAid မှ ဒေါ်လာ(၃.၁)သန်း ရင်းနှီးမြှုပ်နှံခြင်းနှင့် ပတ်သက်ပြီး တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ဇန်နဝါရီ ၂၄ ရက်၊မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ ၊Mercure Mandalay Hill Hotel တွင်ပြုလုပ်ကျင်းပစဉ်။ ရိုက်ကူး ဘိုဘို မဇ္ဈိမ

ယူကေအစိုးရနိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော DaNa Facility နှင့် အစားအစာ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Snack Mandalay တို့ပူးပေါင်းပြီး ဟင်းခတ်အမွှေးအကြိုင် စားသောက် ကုန် ထုတ်လုပ်ရေးကွင်းဆက်တွင်ပါဝင်နေသည့် စိုက်ပျိုးရေးတောင်သူများ အလုပ်အကိုင် ပိုမိုရရှိစေရေး အတွက် ရင်းနှီးမြှုပ်နှံသော စီမံကိန်းဖြစ်သည်။

စီမံကိန်းတွင် ဆင်းရဲနွမ်းပါးသောတောင်သူများ တန်ဖိုးမြင့်သီးနှံစိုက်ပျိုးထုတ်လုပ်ရေး ကွင်းဆက်တွင် ပါဝင် လာမည်ဖြစ်ပြီး ၄င်းတို့ဝင်ငွေတိုးပွားစေရန် သင်တန်းများပို့ချခြင်း၊လက်ရှိဟင်းခတ်အမွှေးအကြိုင်ဈေးကွက်တွင် ကုန်သည်များမှ ရနေကျဈေးထက် ၁၆ ရာခိုင်နှုန်း -၂၃ ရာခိုင်နှုန်း ပိုမိုမြင့်မားသည့် ပေါက်ဈေးဖြင့် တောင်သူများ ထံမှ တိုက်ရိုက်ဝယ်ယူနိုင်စေရန်အတွက်လည်း စီမံကိန်းမှပံ့ပိုးသွားမည်ဖြစ်သည်။

Share This Video


Download

  
Report form
RELATED VIDEOS