ခြေ/ဥပြင်ဆင်ရန် ကော်မတီဖွဲ့စည်းရေးအဆို မနက်ဖြန် မဲခွဲဆုံးဖြတ်မည်

Mizzima TV 2019-02-05

Views 0

ခြေ/ဥပြင်ဆင်ရန် ကော်မတီဖွဲ့စည်းရေးအဆို မနက်ဖြန် မဲခွဲဆုံးဖြတ်မည်

#MizzimaTv

NLD ပါတီက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကော်မတီဖွဲ့စည်းရေး အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၆ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ဆုံးဖြတ်ခဲ့ပါတယ်။

တပ်မတော်သားတွေ ဝင်ရောက်ဆွေးနွေးခြင်းမရှိတဲ့ ဒီအရေးကြီးအဆိုကို ရွေးကောက်ခံလွှတ်တော်အမတ် အယောက် ၃၀ရဲ့ ဆွေးနွေးမှုအပြီးမှာ လွှတ်တော်နာယကက ဆုံးဖြတ်လိုက်တာပါ။ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိးရေးပါတီက လွှတ်တော်အမတ်တစ်ချို့က ကန့်ကွက်ဆွေးနွေးကြတာတွေ့ရပြီး တိုင်းရင်းသားပါတီအများစုက ထောက်ခံဆွေးနွေးကြသလို အကြံပြုဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။

အဆိုကို ကန့်ကွက်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက မင်းကင်းမြို့နယ်အမတ်၊ ဦးမောင်မြင့်က အခုလို ဆွေးနွေးပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့တော့ ပါတီရဲ့ မူဝါဒနဲ့ကိုက်ညီတာကြောင့် အဆိုကို ထောက်ခံသလို ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်သွားမယ်လို့ ဆိုပါတယ်။

ဒီအဆိုကို အတည်ပြုမယ်လို့ ခန့်မှန်းရပြီး တပ်မတော်အနေနဲ့တော့ ဒီကော်မတီကို စောင့်ကြည့်သွားမယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

ဖေဖေဝါရီလ ၆ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၊ ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြန်လည်ရှင်းလင်းပြီးတဲ့နောက် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ်-မင်းမင်း

Share This Video


Download

  
Report form
RELATED VIDEOS