ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉
တပို့တွဲလပြည်ကျော် ၁ ရက်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) မှာ ကျရောက်တဲ့ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ မွန်တိုင်းရင်းသားများ သွာလာရေးအဆင်ပြေစေဖို့ လင်းယုန်စီမံချက်ဖြင့် စည်းကမ်းမဲ့ ယာဉ်များအား ဖမ်းဆီးနေမှုကို ပိုက်စိတ်တိုက် ဖမ်းဆီးမှု မပြုလုပ်ရန် ညှိနှိုင်းထားတယ်လို့ သိရပါတယ်။
မွန်အမျိုးသားနေ့တွင် မွန်တိုင်းရင်းသားများသည် စီတန်းလှည့်လည် သွားလာတက်
သည့် ဓလေ့ရှိနေပြီး မွန်အမျိုးသားနေ့ အခမ်းအနားသို့ သွားလာမှုတွင်လည်း မွန်တိုင်း
ရင်းသားဝတ်စုံတွင် တိုက်ပုံ၊ ခေါင်းပေါင်းများ ပါဝင်ခြင်းကြောင့် သွားလာရေး အဆင်
ပြေစေရန် ညှိနှိုင်းခြင်းဖြစ်သော်လည်း မွန်တိုင်းရင်းသားများဘက်ကလည်း စည်းကမ်းရှိစွာဖြင့် သွားလာဖို့လိုကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆိုပါတယ်။
ရိုက်ကူး - ဥာဏ်စိုးဝင်း