ကုလားတန်မြစ်ကူးတံတား သံဘောင်များအတွက် အာမခံကြေး ကျပ် သိန်းလေးထောင် ကျော် ပေးအပ်

Mizzima TV 2019-06-18

Views 1

မီးလောင်ခဲ့သော ကုလားတန်မြစ်ကူးတံတား သံဘောင်များအတွက် အာမခံကြေး ကျပ် သိန်းလေးထောင် ကျော် ပေးအပ်
********************************
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်တံတား( ပလက်ဝ) စီမံကိန်းအတွက် ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် သံဘောင်နှင့် ဆက်စပ်ပစ္စည်းများအတွက် အာမခံလျော်ကြေး ငွေကျပ် (၄၉၁၀) သိန်းကို ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးတွင် IKBZ Insurance မှ ပေးအပ်ခဲ့သည်။

“မတ်လ ၁၆ ရက်နေ့ မနက်မှာ AAအဖွဲ့ရဲ့ ဖျက်စီးမှုကြောင့် MV ရတနာဝင်း သဘောင်္နဲ့ သယ် ဆောင်လာတဲ့ တံတားသံဘောင်နဲ့ ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ရပါတယ်။ မီးလောင် ဆုံးရှုံးခဲ့တဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး အာမခံထားရှိခဲ့တဲ့ IKBZ မှာ အချို့အစိတ်အပိုင်းများအတွက် ဒီနေ့ အစားထိုးပြန်လည်ပေးအပ်ခြင်းဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ပြည်ထောင်စု ၀န်ကြီး ဦးဟန်ဇော်က အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58029
ရိုက်ကူး - အောင်မြတ်သူ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS