သေဆုံးသူ ၅ ဦးအထိရှိလာတဲ့ H1N1 ရောဂါကြောင့် တစ်ကိုယ်ရေ ကာကွယ်မှုများ ပြုလုပ်ရန် တိုက်တွန်း

Mizzima TV 2019-06-20

Views 0

သေဆုံးသူ ၅ ဦးအထိရှိလာတဲ့ H1N1 ရောဂါကြောင့် တစ်ကိုယ်ရေ ကာကွယ်မှုများ ပြုလုပ်ရန် တိုက်တွန်း
****************************
ရာသီတုပ်ကွေးရောဂါလို့ ခေါ်တဲ့ H1N1 ကြောင့် သေဆုံးသူ ငါးဦးထိရှိလာတဲ့အတွက် လူတစ်ဦးချင်းအနေနဲ့ တစ်ကိုယ်ရေ ကာကွယ်မှု ပိုလုပ်ကြဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇွန်လ ၂၀ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။

အဆိုပါရောဂါကို ရန်ကုန်တိုင်းမှာ အများဆုံး ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်တို့မှာပါ H1N1 လူနာတွေ တွေ့ရှိနေတယ်လို့ သိရပါတယ်။

ဒီရောဂါကြောင့် အသက်အရွယ်ကြီးရင့်သူတွေ၊ ငယ်ရွယ်လွန်းသူတွေနဲ့ ရောဂါအခံရှိသူတွေဟာ သေဆုံးနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

ရိုက်ကူး တည်းဖြတ် အောင်မြတ်သူ

Share This Video


Download

  
Report form
RELATED VIDEOS