ပုသိမ်မြို့တွင် ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေပေးရေး စတစ်ကာ ကမ်းပိန်းပြုလုပ်

Mizzima TV 2019-07-12

Views 0

ပုသိမ်မြို့တွင် ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေပေးရေး စတစ်ကာ ကမ်းပိန်းပြုလုပ်
===========================
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေပေးရေး စတစ်ကာ ကမ်းပိန်းတစ်ခုကို ပြုလုပ်ခဲ့သည်။

“စတစ်ကာ ကမ်းပိန်းပါ၊ကလေးသူငယ်တွေနဲ့ ပတ်သက်လို မိဘတွေရော အုပ်ထိန်းသူတွေရော ဆောင်ရန် ရှောင်ရန် စာရွက်စာတမ်းလေးတွေလည်း ဝေမျှပါတယ်၊ဝေငှရတဲ့ အကြောင်းက မြန်မာနိုင်ငံမှာ လူ အလွန်စိတ်ဝင်းစားနေတဲ့ ဗစ်တိုးရီးယားနဲ့ ပတ်သက်တဲ့ ကမ်းပိန်းပါ၊ဗစ်တိုးရီးယားလို နောက်ထပ် ကလေးငယ်တွေမပေါ်ပေါက်ဖို့အတွက် လူသားချင်း ကိုယ်ချင်စားတဲ့စိတ်တွေနဲ့ ဒီကမ်းပိန်းကို ဧရာဝတီ စင်တာက ကလေးငယ်တွေ နဲ့ အတုဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု ရှစ်လေးလုံး အရေးတော်ပုံ အင်အားစုများအဖွဲ့မှ ဦးဇော်ထိုက်က ပြောသည်။

ကလေးငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်ကျင်ကို ဖန်တီပေးပါ။ အမှန်တရားကိုသာ အလိုရှိသည်။ သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးပါ စသည်များဖြင့် ဇူလိုင်လ၁၂ရက်နေ့က စတစ်ကာ ကမ်းပိန်းတစ်ခုကို ပုသိမ်မြို့၊ကမ်းနားလမ်းရှိ ဆိုင်ကယ်များ၊ကားများ တွင် စတစ်ကာများ ကပ်ပေးခဲ့ပြီး လက်ကမ်း စာစောင်များ ပေးဝေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်ပြီး ဇူလှိုင်လ၁၄ရက်နေ့တွင် ပုသိမ်မြို့၌ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

Share This Video


Download

  
Report form
RELATED VIDEOS