ဧဝံဂေလိရုပ်ရှင် | (ကောင်းကင်နိုင်ငံတော်သားများ) | Only Honest People Can Be Blessed by God

Views 6

သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ” (ရှင်မဿဲ ၁၈:၃) ဟု မိန့်တော်မူသည်။ ရိုးသားသော သူတို့သာ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်သည်၊ ရိုးသားသော သူတို့သာ နိုင်ငံတော်၏ လူများ ဖြစ်နိုင်သည်ဟု သခင်ယေရှု မိန့်တော်မူခဲ့သည်။ ဤရုပ်ရှင်က ခရစ်ယာန်ဖြစ်သည့် ချင်နူ၏ ဘုရားနှုတ်ကပတ်တော်နှင့် ဆိုင်သော အတွေ့အကြုံ နှင့် ဘဝတွင် ရိုးသားသော လူတစ်ဦးဖြစ်လာဖို့ ရှာဖွေခြင်းဖြစ်စဉ်ကို ပြောပြပါသည်။ ချင်နူမှာ ဆရာဝန်တစ်ဦး ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင်၊ သူမ၏ နေ့စဉ်အသက်တာတွင် သူမ၏ ကိုယ်ကျိုးနှင့် ဂုဏ်ကို ထိခိုက်စေသည့် အမှုအရာများနှင့် ကြုံရချိန်တွင် သူမသည် လိမ်လည်ပြီး မလှည့်ဖြားပဲ မနေနိုင်သေးပါ။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံဆုံရာတွင်၊သူမသည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်အမြင် လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်သည်၊ သို့သော် တစ်ချိန်ပြီးတစ်ချိန် သမ္မတရားကို ရှာဖွေခြင်းမှတဆင့်၊ သူမ၏ မရိုးသားမှုနှင့် တကိုယ်ကောင်းဆန်မှု၊ စိတ်မချရသော ဆိုးယုတ်သည့် သဘာဝတို့၏ အရင်းအမြစ်ကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်။ သူမ၏ လိမ်လည်တတ်မှုနှင့် သူမ၏ နှလုံးသားထဲရှိ မရိုးသားမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား သူမ စတင် အာရုံစိုက်လာခဲ့သည်။ နောက်ပိုင်းတွင်၊ သူမ၏ တာဝန်ကို ထမ်းဆောင်စဉ် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြီးအကျယ် ညှင်းဆဲမှုခံရချိန်တွင်၊ သူမသည် မုသားတစ်ခုကို ပြောမည့်အစား သေဖို့အဆင်သင့်ဖြစ်ခဲ့ပြီး ဘုရားသခင်ကို ပစ်ပယ်ဖို့ ငြင်းဆိုခဲ့သည်။ သူမသည် ဘုရားသခင်အတွက် နှစ်သက်ဖွယ်ဖြစ်သော၊ ထူးကဲသော သက်သေကို ခံခဲ့သည်။ ချင်နူသည် တဖြည်းဖြည်း ရိုးသားသော လူတစ်ဦးဖြစ်လာနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ချစ်ကာ နာခံနိုင်လာသည်။ ဤသို့ဆိုလျင် သူမ၏ ဇာတ်လမ်းသည် အမှန်တကယ်တွင် မည်သို့နည်း။

ဧဝံဂေလိတရားရုပ်ရှင်ကိုဝေမျှခြင်း

ဧဝံဂေလိရုပ်ရှင် | (ကောင်းကင်နိုင်ငံတော်သားများ) | Only Honest People Can Be Blessed by God
https://my.kingdomsalvation.org/videos/people-of-heavenly-kingdom-movie.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Share This Video


Download

  
Report form
RELATED VIDEOS