Best Myanmar Gospel Song 2019 (ဖန်ဆင်းခံလူသားများ ဘုရားထံ အသနားခံရမည်)

Views 6

သီချင်းအသစ်များ2019 | ဖန်ဆင်းခံလူသားများ ဘုရားထံ အသနားခံရမည်

I

ဘုရား သင့်ဆီက ဘာတောင်းတောင်း၊ သင့်မှာ ရှိသမျှ ပေးပါ

သင့်ရဲ့သစ္စာရှိမှုကို သူ့အား ပြပါ နောက်ဆုံးချိန်ထိ

ကြည်နူးတဲ့အပြုံးနဲ့ ဘုရားကို ပလ္လင်ပေါ်မှာ မြင်တွေ့ရင်

ဒီကမ္ဘာကြီးမှ ကျောခိုင်းထွက်ခွာသွားတဲ့ နေ့မှာ

မျက်လုံးလေးတွေမှိတ်လို့ ဝမ်းမြောက်ခြင်းနဲ့ သင်ရယ်မောနိုင်ပြီ

ဘုရားသခင် အတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဖန်ဆင်းခံသူတို့

ကိုယ်တော်ရှင်ရဲ့ကရုဏာတော်ခံစားရဖို့ မိမိကိုယ်ကို ပုံအပ်ပါ

ဘုရားရှင်ပျော်ရွှင်ကျေနပ်သရွေ့ သူ့ဆန္ဒအတိုင်း ဆောင်ရွက်စေပါ

အို လူသားများ ဘာတွေမကျေနပ်စရာရှိလို့ ရမလဲ

II

ဒီမြေကြီးပေါ်မှာ သင်ရှိနေသရွေ့ အစွမ်းရသမျှနဲ့

ဘုရားအတွက် နောက်ဆုံးတာဝန် ထမ်းရွက်လို့ သူ့ကို ကျေနပ်စေပါ

ဘုရားရှင်ကို သက်ဆုံးထိ ချစ်တဲ့၊

သူ့အတွက် ကားစင်ပေါ်မှာ ကွပ်မျက်ခံခဲ့သော ပေတရုလို

လုပ်ဆောင်သမျှတို့နဲ့ သူ့ကို ကျေနပ်စေပါ

ဘုရားသခင် အတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဖန်ဆင်းခံသူတို့

ကိုယ်တော်ရှင်ရဲ့ကရုဏာတော်ခံစားရဖို့ မိမိကိုယ်ကို ပုံအပ်ပါ

ဘုရားရှင် ပျော်ရွှင်ကျေနပ်သရွေ့ သူ့ဆန္ဒအတိုင်း ဆောင်ရွက်စေပါ

အို လူသားများ ဘာတွေမကျေနပ်စရာရှိလို့ ရမလဲ

ဘုရားသခင်အလိုတော်ရှိသည့်အတိုင်း ဆောင်ရွက်စေပါ၊

ကိုယ်တော့်ကရုဏာတော်ခံစားရဖို့ မိမိကိုယ်ကို ပုံအပ်ပါ

ဘုရားရှင်အတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဖန်ဆင်းခံသူတို့

ကိုယ်တော်ရှင်ရဲ့ကရုဏာတော်ခံစားရဖို့ မိမိကိုယ်ကို ပုံအပ်ပါ

ဘုရားသခင် ပျော်ရွှင်ကျေနပ်သရွေ့ သူ့ဆန္ဒအတိုင်း ဆောင်ရွက်စေပါ

အို လူသားများ ဘာတွေမကျေနပ်စရာရှိလို့ ရမလဲ

အို လူသားများ ဘာတွေမကျေနပ်စရာရှိလို့ ရမလဲ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

နောက်ထပ် အကြံပြု ဓမ္မသီချင်းများ
ခရစ်ယာန်သီချင်း https://my.godfootsteps.org/hymns.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Share This Video


Download

  
Report form
RELATED VIDEOS