မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုများပြုလုပ်ရာတွင် ဖြန့်ဖြူးမှုကို ဦးစားပေးနှိမ်နင်းသင့်ဟုဆို

Mizzima TV 2019-08-28

Views 0

မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုများပြုလုပ်ရာတွင် ဖြန့်ဖြူးမှုကို ဦးစားပေးနှိမ်နင်းသင့်ဟုဆို
*****************************
မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုများပြုလုပ်ရာတွင် ဖြန့်ဖြူးမှုအပိုင်းကို ဦးစားပေးနှိမ်နင်းသင့်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ်၊ ဦးကျော်ကျော်ထွန်းက မဇ္ဈိမကို ပြောသည်။
“နယ်စပ်တွေမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်ကြတယ်။ နယ်စပ်စည်းတွေလောက်မှာ လုပ်နေကြတာဆိုတော့ ပြဿနာက အစိုးရရဲ့ အာဏာသက်ရောက်မှုက နည်းတော့ ထုတ်လုပ်မှုကို နှိမ်နင်းဖို့ ခက်တယ်။ အဲ့တော့ ဖြန့်ဖြူးမှုကို နှိမ်နင်းစေချင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဝင်လာနေတဲ့ ဝင်ပေါက်တွေကို သေချာပိတ်ရမယ်။ ပိတ်ဆို့ရှာဖွေရမယ်။ ဘယ်မှာမဆို ရန်ကုန်ရော၊ နယ်ရော အဓိကဖြန့်ဖြူးသူကို လိုက်ရမယ်။ ဂွင်းဆက် တရားခံတွေကို လိုက်ရမှာ။ သုံးစွဲသူလေးတွေဗျာ ပြားနှစ်ဆယ်၊ ဆယ်ပြား၊ ငါးပြားမိနေရုံနဲ့ ကျွန်တော်တို့ ဘာမှလုပ်လို့ မရဘူး” ဟု ၄င်းက ပြောသည်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60076
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS