တင်းမာမှုတိုးလာနေတဲ့ အမေရိကန်-အီရန်ဆက်ဆံရေး

visibility 2 vues schedule il y a 6 ans timer 3:42
open_in_new Dailymotion
တင်းမာမှုတိုးလာနေတဲ့ အမေရိကန်-အီရန်ဆက်ဆံရေး<br />********************<br />အမေရိကန်နဲ့ နျူကလီးယားအရေး ထိပ်တိုက် ရင်ဆိုင်ရာမှာ အီရန်အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အနိုင်ရနေတယ်လို့ အီရန်အစိုးရက ကြေညာလိုက်ပါတယ်။ အမေရိကန်အနေနဲ့ ယူရေနီယံ သန့်စင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အီရန်အပေါ် ပိုပြီးတင်းကျပ်တဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ နိုင်ငံတကာရဲ့ ထောက်ခံမှု မရခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန် သမ္မတ ဟာဆန်ရိုဟာနီက ပြောဆိုလိုက်တာပါ။ ဒီအတောအတွင်း အမေရိကန် သမ္မတထရမ့်ဟာ သမ္မတဟောင်း အိုဘားမားကို မလိုမုန်းတီးစိတ်နဲ့ အီရန် နျူကလီးယား သဘောတူညီချက်ကို စွန့်လွှတ်လိုက်တာဖြစ်ကြောင်း ထပ်မံပေါက်ကြားခဲ့တဲ့ သံတမန်ကြေးနန်းထဲမှာ ဗြိတိန်သံအမတ်ဟောင်းက မှတ်ချက်ပေးပြောခဲ့တာကိုလည်း ဗြိတိသျှ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။<br />