ဆရာဦးဝင်းတင် နှစ်နှစ်ပြည့် အမရပူရမှာလည်း ကျင်းပ

7Day TV 2017-10-06

Views 2

ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို အမရပူရမြို့နယ် တောင်လေးလုံး ကျောင်းတိုက်မှာ ဧပြီလ ၂၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားကို မန္တလေးမြို့မှ သတင်းစာဆရာများ၊ စာရေးဆရာများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သဘာပတိအဖွဲ့အဝင်များ တက်ရောက်ခဲ့ပြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ဘဝအကြောင်း အမှတ်တရ အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြတဲ့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ အခမ်းအနားမှာ NLD ဗဟို ကော်မတီဝင် ဦးသိန်းတင်က ဟံသာဝတီဦးဝင်းတင်ရဲ့ အကျင့်စာရိတ္တကောင်းမွန်မှု၊ ရိုးသားမှု၊ တည်ကြည်မှု စတဲ့ လေးစားဖွယ်ဂုဏ်တွေကို နောင်းလူတို့ အတုယူလိုက်နာဖို့ ဆုံးမသွန်သင်ခဲ့ပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS