ရခိုင်ဘုရင်ထီးနန်းကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပ

7Day TV 2017-10-06

Views 1

ဒီဇင်ဘာ ၃၁ ရက်မှာ ကျရောက်တဲ့ (၂၃၂)နှစ်မြောက် ရခိုင်ဘုရင်ထီးနန်းကျဆုံးခြင်း အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ နန်းတော်ကုန်းထက်မှာ ညလုံးပေါက် ဆီးမီးထွန်းခဲ့ကြပါတယ်၊၊ ရခိုင်ဘုရင်ထီးနန်းကျဆုံးခြင်း အောက်မေ့ဖွယ်အထိမ်း အမှတ်အဖြစ် ညအချိန်ဆီးမီးထွန်းတာတွေကို တခြားမြို့နယ်တွေမှာတော့ တန်ခိုးကြီးဘုရားတွေမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်၊၊ မြောက်ဦးမြို့ ရခိုင်ဘုရင်ထီးနန်းကို ဘိုးတော်ဘုရားက မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ သိမ်းပိုက်ခဲ့တဲ့အတွက် အဲဒီနေ့ကို ရခိုင်ဘုရင်ထီးနန်းကျဆုံးခြင်းနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်လို့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရေးကော်မတီဝင်တွေက ပြောပါတယ်၊၊
ရုပ်သံသတင်းထောက် - မောင်ကံ

Share This Video


Download

  
Report form
RELATED VIDEOS