ရေသန့် ဆယ်မျိုးမှာ ကိုးမျိုးက သတ်မှတ်ချက်နဲ့ မကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိ

7Day TV 2017-10-06

Views 0

ရန်ကုန်မြို့တွင်း ဖြန့်ဖြူးရောင်းချနေတဲ့ တံဆိပ် မတူတဲ့ ရေသန့် ဆယ်မျိုးကျော် စစ်ဆေးရာမှာ ကိုးမျိုးမှာ သတ်မှတ်ချက်နဲ့ မကိုက်ညီတာ တွေ့ရပါတယ်။
ဒါကြောင့်မို့ အဲဒီတံဆိပ်တွေကို ဖြန့်ဖြူးရောင်းချခွင့်ကို ပိတ်သိမ်းထားတယ်လို့ အစားအသေက်ာနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)ကနေ သိရပါတယ်။ ဆက်ပြီး ဖြန့်ဖြူးတာတွေ မလုပ်နိုင်အောင်လည်း ရေသန့် ဖြန့်ဖြူးသူ ၇ ဦးကို ခံဝန် လက်မှတ် ထိုးခိုင်းထားတယ်လို့ သိရပါတယ်။
ဈေးကွက်မှာ ရောင်းချနေတဲ့ ရေသန့်တွေ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အထူး စီမံချက်အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က စတင်ခဲ့တာ ပါ။
နောက်ပြီး FDA အနေနဲ့ ဈေးကွက်ထဲမှာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေတဲ့အတွက် တွေ့ရှိချက်တွေကို တရားဝင် အသိပေးထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အခုဆို ရန်ကုန် FDA အနေနဲ့ ရေသန့် အပြင် ငရုတ်သီးမှုန့်မှာ မှိုပါဝင်မှု ရှိမရှိ စစ်ဆေးတာ၊ မုန့်ဖတ်တွေမှာ ဖော်မလင် အသုံးပြုမှု လျော့ကျအောင် စစ်ဆေးတာတွေကို အထူးစီမံချက်တွေ အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Share This Video


Download

  
Report form
RELATED VIDEOS