မြန်မာနိုင်ငံမှာ အရေပြားလေးဖက်နာ ဖြစ်ပွားနိုင်ခြေ ငါးသောင်းခန့်ရှိ

7Day TV 2017-10-07

Views 2

အရေပြားလေးဖက်နာရောဂါဟာ လူတစ်ထောင်မှာ တစ်ယောက်နှုန်းဖြစ်ပွားတာကြောင့် နိုင်ငံတွင်း လူဦးရေအရဆိုရင် လူဦးရေငါးသောင်းနှုန်း ရောဂါဖြစ်နိုင်ခြေရှိပါတယ်လို့ အရိုး အကြော အဆစ်ဆေးပညာဌာန ဥက္ကဌ ဒေါက်တာချစ်စိုးက ပြောပါတယ်။ ဒီကနေ့ မေလ(၁)ရက်နေ့ သူနာပြုတက္ကသိုလ်မှာပြုလုပ်တဲ့ ၂၀၁၇ခုနှစ် ကမ္ဘာ့အရေပြားလေးဖက်နာနေ့ အထိမ်းအမှတ်ပွဲမှာ ပြောကြားခဲ့တာပါ။ ဒီပွဲကို အရိုးအကြောအဆစ်ဆေးပညာအဖွဲ့က ဦးစီးလုပ်ဆောင်တာဖြစ်ပြီး ခုဆိုရင် လေးကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်။ အရေပြားလေးဖက်နာရောဂါဖြစ်ပြီဆိုရင် အဆစ်တွေနာတာ၊ တငွေ့ငွေ့ဖျားတာ၊ အရေပြားမှာ အထူးသဖြင့် မျက်နှာမှာ အနီရောင်အကွက်တွေပေါ်တာ၊ ပါးစပ်မှာ အနာတွေပေါက်တာနဲ့ ဆံပင်အကွက်လိုက်ကျွတ်တာတွေကို အဖြစ်အများဆုံးတွေ့ရတယ်လို့လဲ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Share This Video


Download

  
Report form
RELATED VIDEOS