ထိုင်းနိုင်ငံက တရုတ်လူမျိုးတွေ နှစ်သစ်ကူးမှာ ဖက်ရှင်အရောင် ရွေးချယ်ဖို့ အခက်တွေ့

7Day TV 2017-10-06

Views 0

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေ အတွက် ရိုးရာနှစ်သစ်ကူး ပွဲတော် ဆင်နွှဲဖို့ ဖက်ရှင်အရောင် ရွေးချယ်မှုမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ တရုတ်လူမျိုးတွေ အတွက် မင်္ဂလာရှိတဲ့ နှစ်သစ်ကူး ကာလမှာ တောက်ပတဲ့ အနီရောင်နဲ့ ရွှေရောင်တွေ ဝတ်ဆင်လေ့ ရှိပေမယ့် ဒီနှစ် ထိုင်းနိုင်ငံရဲ့ အခြေအနေကြောင့် အဲဒီအရောင်တွေကို ရွေးချယ်ဖို့ အဆင်မပြေဘဲ ဖြစ်နေကြပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်ကြီး ဘူမိဘော အဒူလိုင်ဒက်ဂ်ျ ကံတော်ကုန်မှုခဲ့တာကို ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြသတဲ့ အနေနဲ့ နိုင်ငံသား အများစုက အမည်းရောင်ကိုပဲ ဝတ်ဆင်နေကြဆဲ ဖြစ်တာကြောင့်ပါ။ ထိုင်းနိုင်ငံမှာ တရုတ်လူမျိုး ၉.၃ သန်းကျော် နေထိုင်ပြီး နိုင်ငံလူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းလောက် ရှိပါတယ်။ လာမယ့် နှစ်သစ်ကူး အတွက်တော့ ထိုင်းတရုတ် မိသားစု အတော်များများဟာ အနက်ရောင်နဲ့ အနီရောင်ကြား ရွေးရခက်ပြီး ဗျာများနေကြဆဲလို့လည်း သိရပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS