တရုတ် သမိုင်းဝင် ဘုရားကျောင်းကြီးနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ခေတ်မီနည်းပညာနဲ့ နေရာပြောင်းရွှေ့

7Day TV 2017-10-07

Views 1

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က သမိုင်းဝင် ဘုရားကျောင်း အဆောက်အအုံ တစ်ခုနဲ့ ရုပ်ပွားတော်တွေကို ခေတ်မီ နည်းပညာတွေ အသုံးပြုပြီး အောင်အောင်မြင်မြင် နေရာရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။

ယူဖို မဟာယန ဗုဒ္ဓဘာသာ ဝတ်ပြုကျောင်းဆောင်ကြီးအပြင် အထဲမှာ အပူဇော်ခံ ထားရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး သုံးဆူကို မူလနေရာကနေ မီတာ ၃၀ ကျော် ကွာဝေးပြီး ပိုမြင့်မား အဆင်ပြေတဲ့ နေရာကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။

အင်ဂျင်နီယာတွေက ကျောင်းဆောင်ကြီးရဲ့ အောက်မှာ သတ္တုတန်းတွေကို ရထားလမ်းသဖွယ် ထည့်သွင်းထားရှိပြီး တစ်နေ့ကို မီတာအနည်းငယ်စီ တဖြည်းဖြည်း ရွှေ့ယူခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ပတ် အကြာမှာတော့ လျာထားချက်အတိုင်း နေရာရွှေ့ပြောင်းမှု အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။

၁၈၈၂ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တဲ့ ယူဖို ဘုရားကျောင်းဆောင်ကြီးဟာ ၁၉၁၁ ခုနှစ်မှာ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ အုံကြွမှုတွေအတွင်း ပျက်စီးခဲ့ပြီး ၁၉၁၈ ခုနှစ်မှာ ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။ ဘုရားကျောင်းကို နှစ်စဉ် လာရောက်ဖူးမျှော်သူ နှစ်သန်းလောက်ရှိပြီး ဘာသာရေး အထွဋ်အမြတ် နေ့ထူးနေ့မြတ်တွေဆိုရင် ဧည့်သည် တစ်သိန်းကျော်ထိ များပြားနေတတ်တာမို့ လက်ရှိထက် ပိုအဆင်ပြေ ကျယ်ဝန်းတဲ့ နေရာကို ရွှေ့ပြောင်းခဲ့တာလို့ သိရပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS