ထရမ့်ရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်မှု အမိန့်ကို နယူးယောက်မှာ လူပေါင်း ထောင်သောင်းချီ ဆန္ဒပြ

7Day TV 2017-10-06

Views 0

အမေရိကန် သမ္မတသစ် ဒေါ်နယ်လ်ထရမ့်ရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်မှု အထူးအမိန့်နဲ့ ပတ်သက်ပြီး နယူးယောက်မှာ လူပေါင်း ထောင်သောင်းချီ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ထရမ့်ဟာ မွတ်ဆလင် အများစု နေထိုင်ရာ နိုင်ငံပေါင်း ၇ ခုက နိုင်ငံသားတွေကို အမေရိကန် ပြည်ဝင်ခွင့် တားဆီး ကန့်သတ်တဲ့ အမိန့်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတုန်းက အကြမ်းဖက်သမားတွေ အမေရိကန်မြေကို ဝင်ရောက်လို့ မရအောင် ဟန့်တားဖို့ မွတ်ဆလင်တွေကို ပြည်ဝင်ခွင့် ပိတ်ပစ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကတိကို ထရမ့်က အကောင်အထည် ဖော်လာခြင်းလည်း ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပေမယ့် ထရမ့်ရဲ့ ရုံးအဖွဲ့ကတော့ ဒါဟာ မွတ်ဆလင် အားလုံးကို ပိတ်ပင်တဲ့ အမိန့်မဟုတ်ကြောင်း ငြင်းဆိုပြီး အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးအတွက် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်တာသာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန် ဖြေရှင်းထားပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS