ဆီးရီးယားနိုင်ငံ မန်ဘစ်ဂ်ျမြို့အနီးမှာ အမေရိကန်တပ်ဖွဲ့ဝင်များ ချထား

7Day TV 2017-10-06

Views 1

အိုင်အက်စ် အဖွဲ့ကို တိုက်ခိုက်နေတဲ့ မတူညီတဲ့ တပ်ဖွဲ့တွေကြား တင်းမာမှုမြင့်တက်လာတာကို တားဆီးကာကွယ်ဖို့ ကြိုးပမ်းမှုအတွင်း ဆီးရီးယားနိုင်ငံ မန်ဘစ်မြို့အနီးမှာ စနေနေ့က အမေရိကန်စစ်ကားတွေနဲ့ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်ခဲ့ကြပါတယ်။ ဆီးရီးယားက အိုင်အက်စ်အဖွဲ့ အဓိက အခြေစိုက်စခန်းရှိတဲ့ လာရက်ကာမြို့ကို အပြီးသတ် သိမ်းပိုက်ရေး အတွက် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က သူတို့ရဲ့ ဆီးရီးယား လက်နက်ကိုင် မဟာမိတ်တွေကို ကူညီပေးနေတာဖြစ်ပါတယ်။ အဲဒီလို ကန်တပ်ဖွဲ့ဝင်တွေ ချထားတာနဲ့ ပတ်သက်ပြီး ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ ဆီးရီးယား သမ္မတ အာဆတ်က ‘‘ကျွန်တော် တို့မဖိတ်ခေါ်ဘဲ ဆီးရီးယားကို ၀င်လာတဲ့ နိုင်ငံခြားသားတပ်ဖွဲ့မှန်သမျှဟာ ကျူးကျော်သူတွေပဲဖြစ်ပါတယ်’’ လို့ဖြေကြားခဲ့ပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS