သိမ်းဆည်းခံလယ်မြေတွေ ပြန်ရဖို့ လယ်သမား ၃၀ ခန့် ဆန္ဒထုတ်ဖော်

7Day TV 2017-10-07

Views 0

၁၉၉၀ ခုနှစ်က သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ လယ်သမား ၃၀ ခန့်က ဆန္ဒထုတ်ဖော်နေကြတာပါ။ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းအတွက် ၁၉၉၀ ခုနှစ်က အစိုးရက သိမ်းဆည်းထားခဲ့တာဖြစ်ပြီး အခုအချိန်အထိ အဲဒီမြေနေရာတွေမှာ ဘယ်စီမံကိန်းမှ လုပ်ဆောင်ထားတာ မရှိတဲ့အတွက် ပြန်လည်ရရှိဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်နေတဲ့ လယ်သမားတွေ ဆိုပါတယ်။ အခုအခါ မိုးတွင်းကာလရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် လယ်သမားများအနေနဲ့ မိမိပိုင်လယ်ယာမြေများ ပြန်လည်ရယူချင်ပြိး လယ်မြေလုပ်ငန်းတွေကို လုပ်ကိုင်ချင်လို့ အခုလို ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Share This Video


Download

  
Report form
RELATED VIDEOS