အလုပ်သမား ၁၅၀၀ ခန့်က လုပ်ခလစာပြင်ဆင်ပေးဖို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်

7Day TV 2017-10-07

Views 4

လှိုင်သာယာ စက်ရုံ အလုပ်ရုံက အလုပ်သမားတွေ အပါအဝင် ပဲခူး၊ သန်လျင်၊, မင်္ဂလာဒုံ စတဲ့ နေရာတွေက အခြေခံ အလုပ်သမား အဖွဲ့အစည်းတွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီကနေ့ မနက် ကိုးနာရီက စတင်ပြီး လှိုင်သာယာမြို့နယ် မီးခွက်ဈေး အောက်ထိပ်ကနေ တပင်ရွှေထီး လမ်းတလျှောက် လှိုင်သာယာမြို့နယ် အားကစားကွင်းအထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

အလုပ်သမားတွေ အဓိက တောင်းဆိုတဲ့ အချက်တွေထဲမှာ အနည်းဆုံး အခကြေးငွေ တရက် ကျပ် ၅၆၀၀ အမြန်ဆုံး သတ်မှတ်ပေးဖို့ ဆိုတဲ့ အချက်လဲ ပါဝင်တာ တွေ့ရပါတယ်။

ဥပဒေပြဌာန်းချက်မှာ နှစ်နှစ် တစ်ကြိမ် လုပ်ခလစာ ပြင်ဆင်ပေးဖို့ ပြဌာန်းထားပေမယ့် လက်ရှိ အချိန်ထိ ပြင်ဆင်ပေးတာ မရှိသေးလို့ အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ရုပ်သံသတင်းထောက် - အလှလေးသူဇာ

Share This Video


Download

  
Report form
RELATED VIDEOS