တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန် လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်

7Day TV 2017-10-07

Views 2

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ဆိုးဆိုးရွားရွား တင်းမာနေချိန်မှာ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးက အာရှတိုက် အရှေ့ဘက်ကမ်းလွန် ရေပြင်မှာ စွမ်းအားပြည့် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်မှာ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး USS Ronald Reagan က တိုက်လေယာဉ်တွေ လက်တွေ့ ပျံတက်ပြီး စစ်ဆင်ရေး ဆောင်ရွက်တဲ့ လေ့ကျင့်မှုကို စက်တင်ဘာ ၃၀ က စတင်ခဲ့ပါတယ်။ USS Ronald Reaganဟာ ပုံမှန်အားဖြင့် ဂျပန်မှာ ကမ်းကပ်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားကြား ရေပြင်မှာ ခုတ်မောင်း ကင်းလှည့်တာဝန် ထမ်းဆောင်လေ့ရှိတဲ့ သင်္ဘောကြီး ဖြစ်ပါတယ်။ အခု စစ်ရေးလေ့ကျင့်နေမှုကို တရုတ်ရေတပ်ကလည်း မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးက ဆိုးဆိုးရွားရွား ယိုယွင်းလာပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ အပြီးမှာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ဟာ သူတို့ကို စစ်ကြေညာထားပြီလို့ ယူဆကြောင်း စွပ်စွဲ ပြောဆိုသွားပါတယ်။

တန်ချိန်တစ်သိန်းလောက် အလေးချိန်ရှိတဲ့ USS Ronald Reagan လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ အမှုထမ်း ၅၀၀၀ လောက် လိုက်ပါလာပြီး လေယာဉ် အစီးရေ ၈၀ လောက် တင်ဆောင်နိုင်ပါတယ်။ ရေပေါ် ခံတပ်ကြီးလို့ တင်စားလေ့ရှိတဲ့ သင်္ဘောကြီးပေါ်မှာ နောက်ဆုံးပေါ် လက်နက်တွေ၊ ကာကွယ်ရေး စနစ်တွေ၊ ဆက်သွယ်ရေး နည်းပညာတွေကို စုံစုံလင်လင် တပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS