႐ုပ္ျမင္သံၾကား အစီအစဉ္မွဴး ကာဒက္ရွန္ကို အိမ္ျဖဴေတာ္မွာ လက္ခံ ေတြ႕ဆံုခဲ့တဲ့ ထရမ့္ေမ - ၃၁ ၊၂၀၁၈ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ဟာ နာမည္ႀကီး ႐ုပ္ျမင္သံၾကား အစီအစဉ္

Views 2

႐ုပ္ျမင္သံၾကား အစီအစဉ္မွဴး ကာဒက္ရွန္ကို အိမ္ျဖဴေတာ္မွာ လက္ခံ ေတြ႕ဆံုခဲ့တဲ့ ထရမ့္

ေမ - ၃၁ ၊၂၀၁၈

အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္ဟာ နာမည္ႀကီး ႐ုပ္ျမင္သံၾကား အစီအစဉ္မွဴး ကင္မ္ကာဒက္ရွန္ကို အိမ္ျဖဴေတာ္မွာ လက္ခံ ေတြ႕ဆံုခဲ့ပါတယ္။

ကာဒက္ရွန္နဲ႔ ေတြ႕ဆံု စကားေျပာရတာ အရမ္းအဆင္ေျပတယ္လုိ႔ ထရမ့္က ေမလ ၃၀ ရက္မွာ Twitterေပၚ ေရးသား ေဖာ္ျပခဲ့ပါတယ္။ ထရမ့္နဲ႔ ကာဒက္ရွန္တုိ႔ဟာ အက်ဉ္းေထာင္ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရး အစီအမံေတြနဲ႔ ပတ္သက္လုိ႔ အျမင္ဖလွယ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ကာဒက္ရွန္ဟာ ခႏၶာကိုယ္ အခ်ိဳးအဆက္ ေတာင့္တင္း လွပမႈေၾကာင့္ အေမရိကန္မွာ လူသိမ်ားတဲ့ ႐ုပ္ျမင္သံၾကား အစီအစဉ္မွဴး၊ ေမာ္ဒယ္လ္တစ္ေယာက္ပါ။

ကာဒက္ရွန္က သူ႔ရဲ႕ အသက္ ၆၃ ႏွစ္အရြယ္ ဘြားေအ အဲလစ္ မာရီ ဂၽြန္ဆင္ရဲ႕ လြတ္ေျမာက္ေရးအတြက္လည္း သမၼတကို အသနားခံ ေတာင္းဆိုခဲ့ပါတယ္။ ဂၽြန္ဆင္ဟာ ေငြေၾကးခဝါခ်မႈ၊ မူးယစ္ေဆးဝါးမႈေတြနဲ႔ ၁၉၉၇ ခုႏွစ္ကတည္းက ေထာင္ဒဏ္ က်ခံေနရတာ ျဖစ္ပါတယ္။

အိမ္ျဖဴေတာ္ရဲ႕ အေနာက္ဖက္ အေဆာင္ကေန ကာဒက္ရွန္ ဝင္သြားတာကို သတင္းမီဒီယာေတြက မွတ္တမ္းတင္ႏုိင္ခဲ့ၿပီး မၾကာခင္မွာပဲ ထရမ့္က သူနဲ႔ ကာဒက္ရွန္ အတူတြဲ႐ိုက္ထားတဲ့ ဓာတ္ပံုကို Twitterေပၚ တင္ခဲ့တာပါ။

ကာဒက္ရွန္ဟာ ၂၀၁၆ ေရြးေကာက္ပြဲတုန္းက ထရမ့္ရဲ႕ ၿပိဳင္ဘက္ျဖစ္သူ ဟီလာရီ ကလင္တန္ကို ေထာက္ခံခဲ့ၿပီး သူ႔ရဲ႕ ခင္ပြန္းျဖစ္သူ အဆိုေတာ္ ကင္ယီဝက္စ္ကေတာ့ ထရမ့္ရဲ႕ အမာခံ ပရိသတ္ တစ္ဦးအျဖစ္ ကူညီ မဲဆြယ္ေပးခဲ့ပါတယ္။

Unicode

ရုပ်မြင်သံကြား အစီအစဉ်မှူး ကာဒက်ရှန်ကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့တဲ့ ထရမ့်

မေ - ၃၁ ၊၂၀၁၈

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ နာမည်ကြီး ရုပ်မြင်သံကြား အစီအစဉ်မှူး ကင်မ်ကာဒက်ရှန်ကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ကာဒက်ရှန်နဲ့ တွေ့ဆုံ စကားပြောရတာ အရမ်းအဆင်ပြေတယ်လို့ ထရမ့်က မေလ ၃၀ ရက်မှာ Twitterပေါ် ရေးသား ဖော်ပြခဲ့ပါတယ်။ ထရမ့်နဲ့ ကာဒက်ရှန်တို့ဟာ အကျဉ်းထောင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအမံတွေနဲ့ ပတ်သက်လို့ အမြင်ဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကာဒက်ရှန်ဟာ ခန္ဓာကိုယ် အချိုးအဆက် တောင့်တင်း လှပမှုကြောင့် အမေရိကန်မှာ လူသိများတဲ့ ရုပ်မြင်သံကြား အစီအစဉ်မှူး၊ မော်ဒယ်လ်တစ်ယောက်ပါ။

ကာဒက်ရှန်က သူ့ရဲ့ အသက် ၆၃ နှစ်အရွယ် ဘွားအေ အဲလစ် မာရီ ဂျွန်ဆင်ရဲ့ လွတ်မြောက်ရေးအတွက်လည်း သမ္မတကို အသနားခံ တောင်းဆိုခဲ့ပါတယ်။ ဂျွန်ဆင်ဟာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ၁၉၉၇ ခုနှစ်ကတည်းက ထောင်ဒဏ် ကျခံနေရတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ အနောက်ဖက် အဆောင်ကနေ ကာဒက်ရှန် ဝင်သွားတာကို သတင်းမီဒီယာတွေက မှတ်တမ်းတင်နိုင်ခဲ့ပြီး မကြာခင်မှာပဲ ထရမ့်က သူနဲ့ ကာဒက်ရှန် အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို Twitterပေါ် တင်ခဲ့တာပါ။

ကာဒက်ရှန်ဟာ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ထရမ့်ရဲ့ ပြိုင်ဘက်ဖြစ်သူ ဟီလာရီ ကလင်တန်ကို ထောက်ခံခဲ့ပြီး သူ့ရဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် ကင်ယီဝက်စ်ကတော့ ထရမ့်ရဲ့ အမာခံ ပရိသတ် တစ်ဦးအဖြစ် ကူညီ မဲဆွယ်ပေးခဲ့ပါတယ်။

Share This Video


Download

  
Report form
RELATED VIDEOS