မုံရွာမြို့တွင် ဆိတ်သား၊အမဲသားများကို စည်ပင်သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချနေ

Mizzima TV 2018-12-08

Views 1

မုံရွာမြို့တွင် ဆိတ်သား၊အမဲသားများကို စည်ပင်သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချနေ
*******************
စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့ရှိ အခွန်လွတ်ဈေးများ၌ ရောင်းချနေသည့် ဆိတ်သား၊အမဲသားများကို မြို့နယ်စည်ပင်မှ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်၍ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။

မုံရွာမြို့နယ်စည်ပင်သာရေးကော်မတီအနေဖြင့် ဆိတ်သားတစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်ဖြင့်သာ ရောင်းချရန် သတ်မှတ်ထားပြီး ရောင်းချသူများ အနေဖြင့် ဆိတ်သားတစ်ပိဿာကို သုံးသောင်းရှစ်ထောင်ဈေး အထိ ဈေးမြှင့်ရောင်းချနေခြင်း ဖြစ်သည်။ ထို့အပြင် အမဲသားတစ်ပိဿာလျှင် စည်ပင်မှ ကျပ်တစ်သောင်း လေးထောင်ဈေးဖြင့်သာ ရောင်းချရန် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ကျပ် တစ်သောင်း ရှစ်ထောင် အထိ ဈေးမြှင့်ရောင်းချနေကြောင်း သိရသည်။

ရိုက်ကူး/တည်းဖြတ်-ဘုန်းနိုင်ဖြိုး

သတင်းအပြည့်အစုံ-http://mizzimaburmese.com/article/53022

Share This Video


Download

  
Report form
RELATED VIDEOS