တိုင်းအစိုးရ စီမံချက်ဖြင့် ပုသိမ်မြို့တွင် အိမ်ဂရန်များပေးအပ်

Mizzima TV 2019-06-21

Views 0

တိုင်းအစိုးရ စီမံချက်ဖြင့် ပုသိမ်မြို့တွင် အိမ်ဂရန်များပေးအပ်
************************************
ဇွန်လ၂၀ရက်နေ့တွင် ပုသိမ်မြို့၊အမှတ်(၆)ရပ်ကွက်၊အောင်ချမ်းသာရပ်တွင် တိုင်းအစိုးရစီမံချက်ဖြင့် အိမ်ဂရန်များအား လျှောက်ထားသူများထံပေးအပ်ခဲ့သည်။

"၈၁ဦးလောက်က အကြောင်းကြောင်းကြောင့် မလျှောက်ဖြစ်တာတွေပါသေးတယ်။ လာပြီးလျှောက်ပါ။ သက်ဆိုင်ရာမြို့နယ် ထွေအုပ်ရုံးမှာ လာလျှောက်ပါ။ ကျွန်တော်တို့က တတ်နိုင်သရွေ့ လုပ်ငန်းစဉ် အတိုင်းက သွားနေမှာပဲ။ မကြန့်ကြာအောင်ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်”ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရ စီမံချက်ဖြင့် ပုသိမ်ခရိုင်တွင် မြေငှားဂရန် ၉၈၂ခု၊ဟင်္သာတခရိုင်တွင် မြေငှားဂရန်၁၄၀ခု၊ မြောင်းမြခရိုင်တွင် ၂၃ခု၊မအူပင်ခရိုင်တွင် ၁၇ခု၊ ဖျာပုံခရိုင်တွင် မြေငှားဂရန် ၅၀ခု၊ လပွတ္တာခရိုင်တွင် မြေငှားဂရန် ၁ခု တို့ဖြစ်သည်။

ရိုက်ကူး - စည်သူမောင်မောင်

Share This Video


Download

  
Report form
RELATED VIDEOS