ပုသိမ်မြို့တွင် လမ်းလျှောက်သင်္ကြန် ပထမဆုံးအကြိမ် ကျင်းပမည်

Mizzima TV 2019-04-08

Views 31

ပုသိမ်မြို့တွင် လမ်းလျှောက်သင်္ကြန် ပထမဆုံးအကြိမ် ကျင်းပမည်
************************
ပုသိမ်တွင် လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်ကပြောသည်။
“လမ်းလျှောက်သင်္ကြန်ဆိုတာ ပျော်ပွဲရွှင်ပွဲကျင်းပရေးကော်မတီ တင်ပြချက်အရ ဒီနှစ်မှာ ထူးထူးခြားခြား ဖြစ်သွားအောင် ကျင်းပခြင်းပါတယ်။ တင်ပြချက်အရ ရေပေါ်ဈေးအ၀င်လမ်းထိပ်ကနေ မဟာဗန္ဓုလလမ်းထိပ် အထိပေါ့၊ ယာဉ်များဝင်ရောက်ခွင့်မပြုတော့ဘဲ စတုဒီသာတွေကျွေးကြမယ်”ဟု ဦးကျော်မြင့်က ပြောသည်။

ပုသိမ်မြို့တွင် လမ်းလျှောက်သင်္ကြန်ကို ယခုနှစ်မှသာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ သင်္ကြန်အတွက် ရန်ပုံငွေအား ဘတ်ဂျက်နှင့် အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်း သိန်း၁၀၀၀ ဝန်ကျင် သုံးစွဲသွားမည်ဖြစ်သည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Share This Video


Download

  
Report form
RELATED VIDEOS