သစ်အချောထည် ပြည်ပတင်ပို့မှု ကန်ဒေါ်လာ သန်း ၅၀၀ အထိ ရရှိရန် မျှော်မှန်း

visibility 1 visualizações schedule há 9 anos timer 3:28
open_in_new Dailymotion
မြန်မာနိုင်ငံက သစ်နဲ့ သစ်အခြေခံပရိဘောဂပစ္စည်းတွေ ပြည်ပတင်ပို့တဲ့ကဏ္ဍကနေ နိုင်ငံခြားငွေ ကန်ဒေါ်လာ သန်း ၂၀ ကျော်လောက် နှစ်စဉ် တင်ပို့နေရတာဖြစ်ပြီး ပရိဘောဂလုပ်ငန်းတိုးမြှင့်ရေးကို လုပ်နိုင်မယ်ဆိုရင် ဒီကဏ္ဍကနေ နှစ်စဉ် ကန်ဒေါ်လာ သန်း ၅၀၀ လောက်အထိ အလွယ်တကူ တိုးမြှင့်တင်ပို့နိုင်ဖို့ မျှော်လင့်တယ်လို့ သစ်အခြေခံပရိဘောဂ လုပ်ငန်းရှင်များအသင်း ဥက္ကဌက MIZZIMAစီးပွားရေးသတင်းအစီအစဉ်ကို ပြောဆိုလိုက်ပါတယ်။ ပရိဘောဂလုပ်ငန်းရှင် တွေအနေနဲ့ လက်ရှိအချိန်မှာ တရားဝင်ကုန်ကြမ်းရရှိဖို့နဲ့ အခွန်ပေးဆောင်ရတာတွေကလည်း တစ်ဘက်မှာ အခက်အခဲ ဖြစ်နေတဲ့ အချိန်ပါ။ ဒီသတင်းကိုတော့ မထက်ထက်အောင်က ဆက်ပြီး ပြောပြပေးမှာဖြစ်ပါတယ်။