ငြိမ်းချမ်းရေး လူထု လှုပ်ရှားမှု ဖေဖော်ဝါရီ ၄ ရက်မှာ စမယ်

7Day TV 2017-10-06

Views 2

ငြိမ်းချမ်းရေး လိုလားတဲ့ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ စုပေါင်းပြီး လာမယ့် ဖေဖော်ဝါရီလ ၄ ရက်မှာ ငြိမ်းချမ်းရေး လူထု လှုပ်ရှားမှုတစ်ခု လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ ဇန်နဝါ၇ီ ၁၂ ရက် မနေ့ ညနေပိုင်းက ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း၊ ဦးချစ်မောင် လက်ဖက်ရည်ဆိုင်မှာ လူထု အစည်းအဝေး တစ်ခု ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးကနေ လူထု လှုပ်ရှားမှုအတွက် ရည်ရွယ်ချက်တချို့ ချမှတ်ခဲ့ပါတယ်။ အစည်းအဝေးကို ကျောင်းသား၊ လူငယ်၊ အဖွဲ့အစည်း စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများထဲကနေ ငြိမ်းချမ်းရေး လူထု လှုပ်ရှားမှုအတွက် ၂၉ ဦး ကော်မတီကို ယာယီ ဖွဲ့စည်းလိုက်ပါတယ်။
ရုပ်သံသတင်းထောက် - အလှလေး သူဇာ

Share This Video


Download

  
Report form
RELATED VIDEOS