Wheel Chair ရထားအဖွဲ့က လမ်းတလျောက်ရခဲ့တဲ့ ငြိမ်းချမ်းရေး လက်မှတ် တစ်သောင်းငါးထောင်ကျော်

7Day TV 2017-10-06

Views 1

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲဖို့ ရည်ရွယ်ချက်နဲ့ ကိုယ်အင်္ဂါမသန်းစွမ်းသူများ Wheel Chair ရထားအဖွဲ့က လမ်းတလျှောက်မှာ ကောက်ခံရရှိခဲ့တဲ့ ငြိမ်းချမ်းရေးလက်မှတ် ၁၅၀၀၀ ကျော်ကို ၂၁ ပင်လုံညီလာခံ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ အပ်နှံသွားမှာပါ။ ဒီကနေ့ ငြိမ်းချမ်းရေးတွဲလက်များ ရထားအဖွဲ့က Wheel Chair နဲ့ ၁၃ ရက်ကြာ ခရီးကြမ်းကို ဖြတ်သန်းလာပြီး နေပြည်တော်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ Wheel Chair အဖွဲ့က ရန်ကုန်မြို့ရှိ ခ၀ဲခြံ မျက်မမြင်ကျောင်းမှ ကိုယ်အင်္ဂါ မသန်းစွမ်းသူ ဆယ်ဦးက စွမ်းရည်ပြတဲ့ အနေနဲ့ မိုင် ၅၀၀ ကျော်ကို ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Share This Video


Download

  
Report form
RELATED VIDEOS