ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီလာခံဆွေးနွေးချက်တွေကို ၂၁ ပင်လုံကို တင်ပြသွား

7Day TV 2017-10-07

Views 2

ပထမဆုံး အကြိမ် ကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီလာခံက ရရှိလာမယ့် အချက်တွေကို လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဘာသာရေး အခန်းကဏ္ဍတစ်ခုအနေနဲ့ တင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက် နှစ်ရက်ကြာ အပြည်ပြည်ဆိုင်ရာ စီးပွားရေး စင်တာမှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်လာတဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက မီဒီယာတွေကို အခုလို အသိပေးပြောကြားခဲ့တာပါ။ နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ ကဏ္ဍပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေ၊ အဖွဲ့လိုက် ဆွေးနွေးမှုတွေ အပါအ၀င် အခြား အသင်းအဖွဲ့ခေါင်းဆောင်တွေရဲ့ အယူအဆတွေကိုပါ ရယူသွားမယ်လို့ သိရပါတယ်။ ရရှိလာမယ့် အချက်တွေကို တင်ပြသွားမယ့် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံ ညီလာခံကိုတော့ လာမယ့် မေလ ၂၄ ရက်နေ့ ကနေ စတင်ပြီး ငါးရက်ကြာ နေပြည်တော်မှာ ကျင်းပတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Share This Video


Download

  
Report form
RELATED VIDEOS